သမ္မတအိမ်တော် (နေပြည်တော်)
မြန်မာနိုင်ငံတော် သမ္မတ၏ အိမ်တော်နိုင်ငံတော်သမ္မတအိမ်တော် သည် နိုင်ငံတော်၏အကြီးအကဲနှင့် အစိုးရအဖွဲ့၏အကြီးအကဲဖြစ်သော နိုင်ငံတော်သမ္မတ ရုံးထိုင်ရာနေရာနှင့် နေထိုင်ရာ တရားဝင်အိမ်တော်ဖြစ်သည်။ သမ္မတအိမ်တော်သည် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် တည်ရှိသည်။ အိမ်တော်သည် အခန်း ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး အိမ်တော်ပတ်လည်တွင် ကျုံးများဖြင့်ကာရံထားကာ ကျုံးများကို ဖြတ်သန်းရန်အတွက် တံတားများလည်း ပါရှိသည်။ သမ္မတအိမ်တော်အနီးတွင် လွှတ်တော်အဆောက်အဦးများ၊ ဒုတိယသမ္မတများ၏ အိမ်တော်များ၊ လွှတ်တော်ဥက္ကဋ္ဌများ၏ အိမ်တော်များ၊ ဝန်ကြီးအိမ်တော်များလည်း တည်ရှိသည်။
Read article